ရှင်လုကာခရစ်ဝင် 8:32
ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
31အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။
Cross References
1 Kings 22:22ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
Job 1:12ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။
Psalms 62:11ဘုရား သခင်သည် တကြိမ် ဗျာဒိတ် ပေးတော်မူပြီ။ နှစ်ကြိမ် မြောက် ငါကြား ရသောဗျာဒိတ် တော်ဟူမူကား ၊ တန်ခိုး သည် ဘုရား သခင်၌ ရှိ၏။
Isaiah 66:3တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
Mark 5:11ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။
1 John 4:4ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။