ရှင်လုကာခရစ်ဝင် 8:44
နောက် တော်သို့ ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
Came behind him, and touched the border of his garment: and immediately her issue of blood stanched.
In Context
Cross References
Exodus 15:26သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
Malachi 4:2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
Matthew 20:34ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။
Mark 6:56မြို့ ရွာ ဇနပုဒ် သို့ ရောက် တော်မူရာ၌ မကျန်းမမာ သောသူ တို့ကို လမ်း နားမှာထား ၍ အဝတ် တော်၏ ပန်းပွား ကိုမျှ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သော သူတို့သည်လည်း ချမ်းသာ ရကြ၏။
Luke 13:13သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
Acts 5:15ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။