ရှင်လုကာခရစ်ဝင် 9:5
ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Nehemiah 5:13ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။
Matthew 10:18ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။
Mark 9:37အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သော သူငယ် တစ်စုံတစ်ယောက် ကိုလက်ခံ ၏။ ထိုသူ သည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကိုလက်ခံ သောသူ သည်လည်း ငါ့ ကိုသာ လက်ခံ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင် လက်ခံသည်” ဟု မိန့် တော်မူ၏။
Luke 9:48အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤ သူငယ် ကိုလက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင်လက်ခံ ၏။ သင် တို့တွင် အငယ်ဆုံး သောသူသည် သာ၍ကြီးမြတ် သော သူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
Luke 10:10အကြင်မြို့ သို့ ဝင် ၍ မြို့သားတို့သည်လက် မ ခံအံ့၊ ထိုမြို့ ၏လမ်း သို့ ထွက် ပြီးလျှင်၊ ငါ တို့၌ကပ် သော သင် တို့မြို့ ၏ မြေမှုန့် ကို ငါတို့ခါ လိုက်၏။
Acts 13:51တမန်တော်တို့သည် မိမိ တို့ခြေဖဝါး ၌ကပ်သော မြေမှုန့် ကို ထိုသူတို့အားခါ လိုက်ပြီးမှ ၊ ဣကောနိ မြို့သို့ သွား ကြ၏။