မာလခိအနာဂတ္တိကျမ်း 1:14
သစ္စာ ဂတိထားပြီးမှ မိမိ သိုး စု၌ အထီး ရှိ လျက်ပင် လှည့်စား ၍ ၊ ထာဝရ ဘုရားအား ချို့တဲ့ သော အကောင်ကို ယဇ် ပူဇော်သောသူသည် အမင်္ဂလာ ရှိစေသတည်း။ ငါ သည် ကြီးမြတ် သော ရှင်ဘုရင် ဖြစ်၏။ ငါ ၏ နာမ တော်သည် လူ အမျိုးမျိုးတို့တွင် ကြောက်မက် ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 1
Cross References
Leviticus 22:18ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊
Joshua 7:11ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။
Psalms 47:3လူစု တို့ကို ငါ တို့အောက် ၌၎င်း၊ လူမျိုး တို့ကို ငါ တို့ခြေ အောက် ၌၎င်း နှိမ့်ချ တော်မူ၏။
Psalms 48:2မြေကြီး တပြင်လုံး ရွှင်လန်း ရာ ဇိအုန် တောင်ထိပ် သည် အဆင်း လှ ပေ၏။ မြောက် မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့ တော်သည် တည်၏။
Psalms 76:12ထိုဘုရားသည် မင်း သားတို့၏ စိတ် ကို နှိမ့်ချ တော်မူ၏။ လောကီ ရှင် ဘုရင်တို့၌ ကြောက်ရွံ ဘွယ် ဖြစ်တော်မူ၏။
Psalms 102:16ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။