မာလခိအနာဂတ္တိကျမ်း 1:8
မျက်စိ ကန်းသော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ ခြေ ဆွံ့သောအကောင်နှင့် နာ သော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မ ဟုတ်လော။ မြို့ဝန် မင်းအား ဆက် ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့် မျက်နှာ ကို ထောက်လိမ့်မည် လော ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 1
Cross References
Leviticus 22:19စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။
Leviticus 22:23သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
Job 42:8သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။
Jeremiah 14:10ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
Malachi 1:10သင် တို့တွင် အဘယ်သူ သည် ငါ့တံခါး တို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ ယဇ် ပလ္လင်ပေါ်မှာ မီး ကို အချည်းနှီး မ ညှိရကြ။ သင် တို့ကို ငါ အလို မ ရှိ၊ သင် တို့ပြု သောပူဇော် သက္ကာကို ငါ လက်မ ခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။