မာလခိအနာဂတ္တိကျမ်း 1:10
သင် တို့တွင် အဘယ်သူ သည် ငါ့တံခါး တို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ ယဇ် ပလ္လင်ပေါ်မှာ မီး ကို အချည်းနှီး မ ညှိရကြ။ သင် တို့ကို ငါ အလို မ ရှိ၊ သင် တို့ပြု သောပူဇော် သက္ကာကို ငါ လက်မ ခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 1
Cross References
Job 1:9စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။
Isaiah 1:11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
Jeremiah 6:13အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Jeremiah 8:10ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Hosea 5:6သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။
Micah 3:11မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။