မာလခိအနာဂတ္တိကျမ်း 2:14
အဘယ်ကြောင့် နည်းဟု သင်တို့မေး လျှင်၊ သင့် အသက်ပျို စဉ်အခါ လက်ထပ်၍နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယား တဘက် နှင့် သင့် တဘက် ၌ ထာဝရဘုရား သည် သက်သေ ဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင် ၏ အဆွေ ခင်ပွန်း၊ သင် ဖွဲ့သော ပဋိညာဉ် နှင့်ဆိုင်သော မယား ဖြစ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Genesis 2:18ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း ၊ သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။
Judges 11:10ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။
Proverbs 2:17အသက် ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင် ကိုစွန့် ၍ ၊ မိမိ ဘုရား သခင်၏ ပဋိညာဉ် တရားကို မေ့လျော့ သော မိန်းမလက်မှ ၎င်း၊ သင့် ကို ကယ်တင် လိမ့်မည်။
Proverbs 5:20ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။
Ecclesiastes 9:9နေ အောက် မှာ ပေး သနားတော်မူသောအနတ္တ အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့် ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍ နေ အောက် မှာကြိုးစား အားထုတ်ရာ၌ သင် ခံရသောအကျိုး ပေတည်း။
Isaiah 54:6စွန့်ပစ် ၍ စိတ် ငြိုငြင် သော မိန်းမ ၊ ငယ် စဉ်တွင်မယား ဖြစ်၍ ၊ နောက်မှငြင်းပယ် သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့် ကို ငါခေါ် မည်ဟု သင် ၏ဘုရား သခင်မိန့် တော်မူ၏။