မာလခိအနာဂတ္တိကျမ်း 2:15
တဦး တည်းသော်လည်း၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန် အကြွင်းရှိ၏။ အဘယ်ကြောင့် တဦး တည်း ကိုသာ ဖန်ဆင်း တော်မူသနည်းဟူမူကား၊ ဘုရား သခင်နှင့် ထိုက်တန်သောအမျိုး ကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍ ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ အသက်ပျို စဉ်အခါ လက်ထပ်သော မယား ကို သစ္စာ ဖျက် ၍ မ ပြစ်မှားကြနှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Genesis 2:7ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
Genesis 6:2ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။
Genesis 24:44သောက် ပါ။ သင် ၏ကုလားအုပ် တို့ဘို့ လည်း ရေခပ် ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော် ကျွန် ၏သား ဘို့ ၊ ခန့်ထား တော်မူသောမိန်းမ ဖြစ်ပါစေ သောဟု လျှောက်ဆို ၏။
Genesis 27:46တဖန် ရေဗက္က သည် ဣဇာက် ထံ သို့သွား၍၊ ကျွန်မ သည် ဟေသ အမျိုးသမီး တို့ ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့ လှ၏။ ဤ ပြည် သူသမီး ကဲ့သို့ သောသူ၊ ဟေသ အမျိုးသမီး နှင့် ယာကုပ်အိမ်ထောင် ဘက်ပြု လျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ် ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆို လေ၏။
Deuteronomy 7:4အကြောင်း မူကား၊ သူတို့သည် သင် ၏သား ကို ငါ ၌ မဆည်းမကပ်စေဘဲ၊ အခြား တပါးသော ဘုရား အား ဝတ်ပြု စေခြင်းငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက် ထွက် ၍ သင် တို့ကို ချက်ခြင်း ဖျက်ဆီး တော်မူလိမ့်မည်။
Nehemiah 13:24သူ တို့သား သမီးတို့သည် ယုဒ စကားကို မ ပြော တတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီးဘာသာ စကားကို ပြော တတ်ကြ၏။