မာလခိအနာဂတ္တိကျမ်း 3:11
ကိုက်စား တတ်သော အကောင်ကို သင် တို့အတွက် ငါဆုံးမ ၍ ၊ သင် တို့၏ မြေ အသီး အနှံကို မ ဖျက်ဆီး ရ။ သင် တို့၏ စပျစ် ဥယျာဉ် သည် အသီး မသီးဘဲ မ နေရဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Jeremiah 8:13သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး မ ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး မ ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Joel 1:7ငါ့ စပျစ် နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့ သင်္ဘောသဖန်း ပင်ကို ကျိုးပဲ့ စေပြီ။ သုတ်သင် ပယ်ရှင်း၍ ပစ် လိုက် လေပြီ။ အခက် အလက်တို့သည် ဖြူ ကြ၏။
Joel 2:20မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
Amos 4:9လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး ဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင် တို့၌ များပြား သောလယ်ယာ ၊ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်းပင်၊ သံလွင် ပင်တို့ကို ကျိုင်းကောင် တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
Habakkuk 3:17သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
Zechariah 8:12မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။