ရှင်မာကုခရစ်ဝင် 1:21
ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 4:23ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
Mark 2:1နောက် တစ်နေ့သ၌ ကိုယ်တော်သည်ကပေရနောင် မြို့သို့ ဝင် ပြန် ၍ အိမ် ၌ ရှိ တော်မူသည်ကို ကြား ကြ လျှင် ၊
Mark 10:1ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။
Luke 4:31ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။
Luke 13:10တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
Acts 17:2ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊