တမန်တော်ဝတ္ထု 17:2
ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 1:18ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
John 18:20ယေရှု ကလည်း၊ ငါ သည်လောက ၌ ထင်ရှား စွာဟောပြော ပြီ။ ယုဒ လူအပေါင်း တို့ စည်းဝေး ရာ တရားစရပ် ၌ ၎င်း ၊ ဗိမာန် တော်၌ ၎င်း၊ အစဉ်မပြတ် ဆုံးမ ဩဝါဒပေးပြီ။ မ ထင်ရှားဘဲ အလျှင်း မဟော မပြော။
Acts 9:20ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။
Acts 13:14ပေရဂေ မြို့မှ ထွက်သွား ပြန်၍ ပိသိဒိ ပြည်၊ အန္တိအုတ် မြို့သို့ ရောက် လျှင်၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ထိုင် ကြ၏။
Acts 17:10ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
Acts 18:4ပေါလုသည်လည်း ဥပုသ်နေ့ မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော၍၊ ယုဒ လူနှင့် ဟေလသ လူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။