ရှင်မာကုခရစ်ဝင် 11:13
အရွက် နှင့်ပြည့်စုံ သော သင်္ဘောသဖန်း ပင်ကိုအဝေး က မြင် လျှင် ။ သင်္ဘောသဖန်း သီးဆွတ်ချိန် ကာလမ ရောက် သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ရောက် သောအခါ ၊ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
12နက်ဖြန် နေ့၌ ဗေသနိ ရွာမှ ပြန် ကြစဉ်တွင်ဆာမွတ် တော်မူ၏။
Read all of ရှင်မာကုခရစ်ဝင် 11
Cross References
1 Samuel 6:9သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ၊ ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊
Matthew 21:19လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။
Luke 12:6စာငှက် ငါး ကောင်ကို အဿရိ နှစ် ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ ထိုစာငှက် တစ် ကောင်ကိုမျှ ဘုရားသခင် မေ့လျော့ တော်မ မူ။