ရှင်မဿဲခရစ်ဝင် 21:19
လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18နံနက် အချိန်၌ မြို့ သို့ ပြန် စဉ်တွင် ဆာမွတ် တော်မူ၏။
20တပည့် တော်တို့သည် မြင် လျှင် ၊ သင်္ဘောသဖန်း ပင်သည် ချက်ခြင်း သွေ့ခြောက် ပါပြီတကားဟု အံ့ဩ ၍ ဆို ကြ၏။
Cross References
Mark 11:14ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။
Luke 13:6တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
John 15:2ငါ ၌ အသီး မ သီး သောအခက် ရှိသမျှ တို့ကို ခုတ်ပစ် တော်မူ၏။ အသီး သီး သောအခက်ရှိသမျှ တို့ကို သာ၍ သီး စေခြင်းငှာ သုတ်သင် ရှင်းလင်းတော်မူ၏။
2 Timothy 3:5မွေ့လျော်ခြင်းတန်ခိုး ကို ငြင်းပယ် သောသူ ဖြစ် ကြလိမ့်မည်။ ထိုသူ တို့ကို ရှောင် လော့။
Hebrews 6:7ဥပမာကား၊ အကြင်မြေ သည် မိမိ အပေါ်သို့ အဖန်ဖန် ကျ သော မိုဃ်းရေ ကိုသောက် ၍၊ လုပ် သော သူ သုံး ဘို့ ဟင်းသီး ဟင်းရွက်ကို ဖြစ် စေတတ်၏။ ထိုမြေ သည်ဘုရားသခင် ၏ ကောင်းကြီး မင်္ဂလာကိုခံ တတ်၏
Jude 1:12မေတ္တာ ပွဲလုပ် ၍ သင် တို့နှင့်အတူစား သောက်သောအခါ အားမနာ ဘဲ၊ မိမိ တို့ကိုဝ စွာကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေ မရှိ၊ လေ တိုက်၍လွင့် သော မိုဃ်းတိမ် ကဲ့သို့၎င်း၊ ညှိုးနွမ်း ၍ အသီး မတင်၊ နှစ် ကြိမ် သေ ၍ နှုတ် ပစ်သော သစ်ပင် ကဲ့သို့၎င်း၊