ရှင်မာကုခရစ်ဝင် 11:32
လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ လူ များကိုကြောက် ရ၏။ ယောဟန် သည် ပရောဖက် အမှန် ဖြစ် သည် ကို လူအပေါင်း တို့သည် အယူ ရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 11
Cross References
Matthew 3:5ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်သူပြည်သား၊ ယော်ဒန် မြစ်နား မှာနေသောသူ အပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍၊
Matthew 14:5ယောဟန် ကိုသတ် ခြင်းငှာအလိုရှိ သော်လည်း ၊ လူ အပေါင်းတို့၏မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြသတည်း။
Matthew 21:46ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။
Mark 12:12ထိုသူတို့သည် မိမိ တို့ကိုရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကို သိ သောကြောင့် ၊ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ ကြ၏။ သို့သော်လည်း စုဝေး သောသူ တို့ကို ကြောက် သောကြောင့် အထံ တော်မှ ထွက်သွား ကြ၏။
Luke 20:6ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
Luke 22:2ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။