ရှင်မာကုခရစ်ဝင် 14:65
ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
66ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Esther 7:8ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
Isaiah 50:6ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။
Isaiah 53:3မထီမဲ့မြင် ပြုခြင်းကိုခံ ၍ ၊ လူ တို့တွင် အယုတ် ဆုံး သောသူဖြစ် ၏ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာ နှင့် ကျွမ်းဝင် သောသူဖြစ် ၏။ သူတပါးမျက်နှာ လွှဲ ခြင်းကို ခံရသော သူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကိုခံ လျက်ရှိ၍၊ ငါတို့သည် မ ရိုသေ ကြ။
Matthew 26:67ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။
Mark 15:19ခေါင်း တော်ကို ကျူလုံး နှင့် ရိုက် ခြင်း၊ တံထွေး နှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူး ထောက် ၍ ပြပ်ဝပ် ခြင်း ကိုလည်း ပြုကြ၏။
John 18:22ထိုသို့ မိန့် တော်မူလျှင်၊ အနီးအပါး၌ရပ် နေသော မင်းလုလင် တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ် မင်းကို ဤသို့ ပြန်ပြော ရသလောဟုဆို လျက် ယေရှု ကိုရိုက် လေ၏။