ရှင်မာကုခရစ်ဝင် 15:24
လက်ဝါးကပ်တိုင် မှာ ရိုက်ထားပြီးလျှင် ၊ အဝတ် တော်ကို စားရေးတံ ချ ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
23မုရန် နှင့်ရောသော စပျစ်ရည် ကို၊ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လျှင် မ ခံ ဘဲ နေတော်မူ၏။
25ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာ ရိုက်ကြသောအချိန်ကား၊ နံနက် တချက်တီးအချိန် ဖြစ် သတည်း။
Read all of ရှင်မာကုခရစ်ဝင် 15
Cross References
Psalms 22:16ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
Matthew 27:35ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားပြီးလျှင် အဝတ် တော်တို့ကို စာရေးတံ ချ ၍ ဝေဖန် ကြ၏။
John 19:23စစ်သူရဲ တို့သည် ယေရှု ကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ၊ အဝတ် တော်တို့ကို လေး ပိုင်း ပိုင်း၍ တစ်ယောက်တစ်ပိုင်း စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား၊ မ ချုပ်ဘဲလျက် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် ရက် သောအင်္ကျီ ဖြစ်သောကြောင့် ၊
2 Corinthians 5:21အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။
1 Peter 2:24ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။