ရှင်မာကုခရစ်ဝင် 16:17
ယုံကြည် သောသူ တို့၌ ဖြစ် အံ့သောနိမိတ် လက္ခဏာဟူမူကား ၊ ငါ ၏နာမ ကို အမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် ကြလတံ့။ ထူးခြား သောဘာသာ စကားမျိုးတို့ကို ပြော ကြလတံ့။”
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 16
Cross References
Mark 9:38ယောဟန် ကလည်း၊ အရှင် ဘုရား၊ အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော် ၏နာမ ကို အမှီပြု နတ်ဆိုး တို့ကိုနှင်ထုတ် သောသူတစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူသည်အကျွန်ုပ် တို့နှင့်အတူမ လိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တား ကြပါသည်ဟု လျှောက် လေသော်၊
John 14:12ငါအမှန်အကန် ဆို သည်ကား၊ ငါ့ ကိုယုံကြည် သောသူ သည်ငါ ပြု သောအမှု တို့ကို ပြု လိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြု လိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံသို့ သွား ၍ ၊
Acts 2:33ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။
Acts 8:7အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။
Acts 16:18ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။
Acts 19:12ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။