တမန်တော်ဝတ္ထု 16:18
ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Mark 1:34အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
Mark 16:17ယုံကြည် သောသူ တို့၌ ဖြစ် အံ့သောနိမိတ် လက္ခဏာဟူမူကား ၊ ငါ ၏နာမ ကို အမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် ကြလတံ့။ ထူးခြား သောဘာသာ စကားမျိုးတို့ကို ပြော ကြလတံ့။”
Luke 10:17ထိုခုနစ်ကျိပ် သော တပည့်တော်တို့သည် ဝမ်းမြောက် သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမ အားဖြင့် အကျွန်ုပ် တို့သည် နတ်ဆိုး ကိုပင် နိုင် ပါသည်ဟု လျှောက် ကြ၏။
Acts 9:34ထ ၍ အိပ်ရာကိုပြင် လော့ဟု ပေတရု ဆို သော်၊ ထိုသူသည် ချက်ခြင်း ထ ၏။
Acts 19:12ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။