ရှင်မာကုခရစ်ဝင် 7:5
ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Mark 2:16ထိုသို့ အခွန်ခံ သောသူ၊ ဆိုး သောသူ တို့နှင့်အတူ စား တော်မူသည်ကို ကျမ်းပြု ဆရာဖာရိရှဲ တို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံ သောသူ ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့်စား သောက်သနည်းဟု တပည့် တော်တို့အား ဆို ကြ၏။
Acts 21:21တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
Romans 4:12ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
2 Thessalonians 3:6တနည်းကား၊ ညီအစ်ကို တို့၊ ငါ တို့ထံ၌ ခံ သော နည်း ဥပဒေသအတိုင်း မ ကျင့် ဘဲ၊ မတရား စွာပြုသော ညီအစ်ကို ရှိသမျှ တို့ကို ရှောင် ကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်အားဖြင့် ငါတို့သည် ပညတ် ထား ကြ၏။