ရှင်မာကုခရစ်ဝင် 8:15
ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 12:18ပဌမ လ ဆယ် လေး ရက် နေ့ညဦး မှစ၍နှစ်ဆယ် တ ရက်နေ့ ညဦး တိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စား ရကြမည်။
Numbers 27:19ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။
1 Chronicles 28:20သား တော်ရှောလမုန် အား လည်း၊ သင်သည် အားယူ ၍ ရဲရင့် သောစိတ် နှင့်လုပ်ဆောင် လော့။ မ စိုးရိမ် နှင့်။ စိတ် မ ပျက်နှင့်။ ငါ ၏ဘုရားသခင် ထာဝရ အရှင် ဘုရားသခင် သည် သင် နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်မှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင် ၍ လက်စ မ သတ်မှီတိုင်အောင်သင့် ကို စွန့် တော် မ မူ။ ပစ်ထားတော်မမူ။
Matthew 14:1ထို အခါ စော်ဘွား ဟေရုဒ် သည် ယေရှု ၏သိတင်း တော်ကိုကြား လျှင် ၊
Matthew 16:11ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုကြဉ်ရှောင် ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့် ကိုအမှတ်ပြု၍ ငါမ ပြောသည် ကို သင်တို့သည် နား မ လည်ဘဲ အဘယ်သို့ နေကြသနည်း ဟု မိန့် တော်မူ၏။
Mark 12:13တစ်ဖန် စကား ကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲ တို့နှင့် ဟေရုဒ် တပည့်အချို့ တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။