ရှင်မာကုခရစ်ဝင် 9:50
ဆား သည်ကောင်း ၏သို့သော်လည်း အငန် ကင်းပျောက်လျှင် ၊ ငန်သောအရသာ ကို အဘယ်သို့ ရပြန်မည်နည်း။ သင် တို့၌ ဆား ရှိ စေကြလော့။ အချင်းချင်း အသင့်အတင့် နေကြလော့ ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
49ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ခပ်သိမ်း သောသူတို့သည် မီး ဆား ခတ်ခြင်းကို ခံရကြမည်။”
Cross References
Job 6:6မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။
Psalms 133:1ညီအစ်ကို တို့သည် သဘော တူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်း ပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။
Mark 9:34သူ တို့သည် တိတ်ဆိတ် စွာနေကြ၏။ အကြောင်းမူကား ၊ အဘယ်သူ သည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်း ငြင်းခုံ ကြ၏။
John 13:34သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
Romans 12:18သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။
2 Corinthians 13:11ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။