ရှင်မဿဲခရစ်ဝင် 1:19
သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၍ ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 38:24ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
Leviticus 20:10သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
Deuteronomy 24:1တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။
Mark 6:20သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။
Luke 2:25ထိုအခါ ရှုမောင် အမည် ရှိသောသူ တစ်ယောက်သည် ယေရုရှလင် မြို့၌ ရှိ ၏။ ထို သူ သည် ဖြောင့်မတ် သောသူ ၊ တရား ကိုရိုသေသောသူ၊ ဣသရေလ အမျိုး၏ သက်သာ ခြင်းအကြောင်းကို မြော်လင့် သောသူ ဖြစ်၏။ သန့်ရှင်း သောဝိညာဉ် တော်သည် သူ့ အပေါ် ၌တည် သည်ဖြစ်၍ ၊
Acts 10:22ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။