The Bible Software
ရှင်မဿဲခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်မဿဲခရစ်ဝင် 1

1အာဗြဟံ နှင့် ဒါဝိဒ် တို့မှ ဆင်းသက် တော်မူသောယေရှု ခရစ် ၏ဆွေ တော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊

2အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။

3ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ ။

4အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန် ။

5စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။

6ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန် ။

7ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ ။

8အာသ သား ယောရှဖတ် ။ ယောရှဖတ် သား ယဟောရံ ။ ယဟောရံ သား ဩဇိ ။

9ဩဇိ သား ယောသံ ။ ယောသံ သား အာခတ် ။ အာခတ် သား ဟေဇကိ ။

10ဟေဇကိ သား မနာရှေ ။ မနာရှေ သား အာမုန် ။ အာမုန် သား ယောရှိ ။

11ယောရှိ သား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း ခါနီးတွင် မြင်သောသား ယေခေါနိ မှစ၍ ညီနောင် တစ်စုတည်း။

12ဗာဗုလုန် မြို့သို့ နေရာပြောင်း သည့်နောက် ၊ ယေခေါနိ သား ရှာလသေလ ။ ရှာလသေလ သား ဇေရုဗဗေလ ။

13ဇေရုဗဗေလ သား အဗျုဒ် ။ အဗျုဒ် သား ဧလျာကိမ် ။ ဧလျာကိမ် သား အာဇော် ။

14အာဇော် သား ဇာဒုတ် ။ ဇာဒုတ် သား အာခိမ် ။ အာခိမ် သား ဧလုဒ် ။

15ဧလုဒ် သား ဧလာဇာ ။ ဧလာဇာ သား မဿန် ။ မဿန် သား ယာကုပ် ။

16ယာကုပ် မြင် သောသားကား ၊ မာရိ ၏ ခင်ပွန်း ယောသပ် တည်း။ ထိုမာရိသည် ခရစ် ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော် ဖြစ်၏။

17ဤသို့ လျှင်၊ မျိုးစဉ် နွယ်ဆက်ပေါင်း ကား၊ အာဗြဟံ မှ သည် ဒါဝိဒ် တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဒါဝိဒ် မှ သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း သည်တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဗာဗုလုန် မြို့သို့ ပြောင်း ပြီးမှသည် ခရစ်တော် တိုင်အောင် တစ်ဆယ်လေး ဆက် ဖြစ်သတည်း။

18ယေရှု ခရစ် သည် ဘွားမြင် ခြင်းကို ခံ တော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော် မာရိ သည် ယောသပ် နှင့် ထိမ်းမြား ဆောင်နှင်း၍ မ ရှက်တင် မှီတွင် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေ စွဲနေ၏။

19သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၍ ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။

20ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။

21သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။

22ထိုအကြောင်း အရာမူကား ၊ ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထားတော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်း တည်း ။

23ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။

24ယောသပ် သည် အိပ်ပျော် ရာမှ နိုး လျှင် ထာဝရ ဘုရား၏ကောင်းကင်တမန် မှာထား သည့်အတိုင်း ပြု ၍ မိမိ ခင်ပွန်း ကို ထိန်းသိမ်း လေ၏။

25သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ မ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။

← မာလခိအနာဂတ္တိကျမ်း 4Read In The App, Free →ရှင်မဿဲခရစ်ဝင် 2 →

Study ရှင်မဿဲခရစ်ဝင် 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728