ရှင်မဿဲခရစ်ဝင် 11:29
ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
28ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။
30အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။
Cross References
2 Chronicles 10:11ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး တို့ကို တင် လေပြီ။ ငါ သည်လည်း ထပ် ၍တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက်ဦးမည်ဟု ပြန်ပြော တော်မူပါဟု လျှောက် ထားကြ၏။
Isaiah 42:1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
Matthew 11:27ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
Matthew 17:5ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။
Matthew 28:20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။