ရှင်မဿဲခရစ်ဝင် 15:12
တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 17:27ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။
2 Corinthians 6:3တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။
James 3:17အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။