ရှင်မဿဲခရစ်ဝင် 18:13
တွေ့ ပြီးလျှင် ၊ လမ်း မ လွဲမပျောက်သောသိုး ကိုးဆယ် ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တစ်ကောင်၌ သာ၍ ဝမ်းမြောက် ခြင်းရှိသည်ဟု ငါအမှန် ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 53:11မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။
Jeremiah 32:37ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း ၍ ဤ အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။
Zephaniah 3:17သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကို ကယ်တင် တော်မူ လိမ့်မည်။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်း မေတ္တာ၌ ကျိန်းဝပ် ၍၊ သီချင်း ဆို ခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
Luke 15:23ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ ၍ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။
James 2:13ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။