ရှင်မဿဲခရစ်ဝင် 19:21
ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
22ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
Cross References
Genesis 6:9နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။
Job 1:1ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။
Matthew 4:19ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော် ၊
Matthew 5:48ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။
Matthew 8:22ယေရှု ကလည်း၊ ငါ့ နောက် သို့လိုက်လော့။ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေဟု မိန့် တော်မူ၏။
Matthew 16:24ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။