ရှင်မဿဲခရစ်ဝင် 19:27
ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 33:9ထိုသူသည် ကိုယ်မိဘ ဖြစ်သော်လည်းငါမ တွေ့ မမြင်ဟု ဆို တတ်၏။ ကိုယ် ညီအစ်ကို ကိုလည်း မ မှတ် တတ်။ ကိုယ် သားသမီး ကိုလည်း မ သိ တတ်။ အကြောင်း မူကား၊ စကား တော်ကို နားထောင် ၍ ပဋိညာဉ် တရားတော် ကို စောင့်ရှောက် တတ်၏။
Matthew 9:9ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။
Mark 1:17ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
Mark 10:28ထိုအခါ၊ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှ ကိုစွန့်ပစ် ၍ ကိုယ်တော် နောက် သို့ လိုက်ကြပါပြီဟုလျှောက် လေသော်၊
Luke 5:27ထိုနောက် ကိုယ်တော်သည် ထကြွ ၍ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
Luke 15:29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။