ရှင်မဿဲခရစ်ဝင် 2:16
ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
Cross References
Genesis 39:14အိမ်သား ယောက်ျား တို့ကို ခေါ် ၍ ၊ သင် တို့ကြည့် ကြ။ ငါ တို့၌ မ ရိုမသေပြုစေခြင်းငှါ ဤဟေဗြဲ လူ ကို သခင်သွင်း ထားပြီတကား။ သူသည် ငါ နှင့်အတူ အိပ် ခြင်းငှါ ဝင်လာ ၍ ငါသည် ကျယ် သောအသံ နှင့် အော်ဟစ် ရ၏။
Genesis 49:7သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
Numbers 24:10ထိုအခါ ဗာလက် မင်းသည်၊ ဗာလမ် ကို အမျက် ထွက် ၍ လက်ခုပ်တီး လျက်၊ ငါ ၏ ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့၏။ သင်သည် သုံး ကြိမ် တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီတကား။
2 Kings 8:12ဟာဇေလ ကလည်း ၊ သခင် သည် အဘယ် ကြောင့် မျက်ရည် ကျတော်မူသနည်းဟုမေး လျှင် ဧလိရှဲ က၊ သင်သည် ဣသရေလ အမျိုးသား တို့၌ ပြု လတံ့သော ဘေးဥပဒ်တည်းဟူသောသူ တို့ ၏ ရဲတိုက် များကို မီးရှို့ ခြင်း၊ လုလင် များကို ထား နှင့် သတ် ခြင်း၊ သူငယ် များကို မြေပေါ်မှာ ဆောင့် ဖွပ်ခြင်း၊ ကိုယ်ဝန် ဆောင်သော မိန်းမများ၌ ဝမ်းခွဲ ခြင်းကို ပြုလိမ့်မည်ဟု ငါသိ မြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြော သော်၊”
Proverbs 27:3ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို နှစ်ပါး ထက် သာ၍လေး ၏။
Proverbs 28:17လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။