ရှင်မဿဲခရစ်ဝင် 2:6
အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား ၊
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
2 Samuel 5:2အထက် က ရှောလု သည် ကျွန်တော် တို့၌ ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင် သွားလျက် ၊ သွင်း ပြန်လျက်နေ တော်မူပြီ။ ထာဝရဘုရား ကလည်း ၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကို လုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆို ကြ၏။
1 Chronicles 5:2ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
Psalms 78:71သား ငယ်ရှိသောသိုး မတို့ကို ထိန်း ခြင်းအမှုမှ နှုတ် ၍ မိမိ လူ တည်းဟူသောယာကုပ် အမျိုးသား၊ အမွေ တော်တည်းဟူသောဣသရေလ လူတို့ကို ကျွေးမွေးစေ ခြင်းငှါ ခန့်ထားတော်မူ၏။
Isaiah 40:11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Ezekiel 34:23သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။