ရှင်မဿဲခရစ်ဝင် 20:2
ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
And when he had agreed with the labourers for a penny a day, he sent them into his vineyard.
In Context
Cross References
Deuteronomy 5:27ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
1 Samuel 2:26သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
1 Samuel 3:21ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။
1 Kings 3:6ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
2 Chronicles 34:3အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
Matthew 18:28ထို ကျွန် သည်ထွက်သွား ရာတွင် မိမိ ငွေဒေနာရိ တစ်ရာ ကြွေးတင် သော ကျွန်ချင်း တစ် ယောက်ကိုတွေ့ လျှင်၊ လည်ပင်း ကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေး လော့ဟုဆို ၏။