ရှင်မဿဲခရစ်ဝင် 25:24
အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 58:3အကျွန်ုပ်တို့သည် အစာ ရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင် တော်မ မူသနည်း။ အကျွန်ုပ် တို့သည် ခြိုးခြံ စွာကျင့် သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်သိမှတ် တော်မ မူ သနည်းဟုဆိုသော်၊ သင် တို့သည် အစာ ရှောင်သောနေ့ ၌ ကိုယ်တိုင် ပျော်မွေ့ ၍ ၊ ကျွန် တို့ကိုပင်ပန်း စွာ လုပ်စေကြ၏။
Jeremiah 44:16သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား မ ထောင်။
Malachi 1:12သင် တို့က၊ ထာဝရ ဘုရား၏ စားပွဲ တော်သည် ညစ်ညူး ၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ဟုဆို သောကြောင့် စားပွဲ တော်ကို ရှုတ်ချ ကြပြီ။
Matthew 7:21သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
Luke 6:46ငါ့စကား ကို နား မ ထောင်ဘဲလျက်၊ ငါ့ ကိုသခင် ၊ သခင် ဟု အဘယ်ကြောင့် ခေါ် ကြသနည်း။
Luke 19:20အခြား သောသူ သည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊