ရှင်မဿဲခရစ်ဝင် 25:44
ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 15:20ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
Jeremiah 2:35ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြော စီရင်မည်။
Malachi 2:17သင်တို့သည် ထာဝရဘုရား၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ၏ဟူ၍၎င်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။
Matthew 7:22ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။
Luke 10:29ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် လိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။