ရှင်မဿဲခရစ်ဝင် 25:9
ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 55:1အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ ကြ။ ဝယ် ၍ စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ ကို ဝယ် ကြလော့။
Jeremiah 15:1တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ မ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။
Ezekiel 14:20နောဧ ၊ ဒံယေလ ၊ ယောဘ တို့ရှိသော်လည်း ၊ ငါ အသက်ရှင် သည် အတိုင်းကိုယ်သားသမီး ကို မ ကယ် မနှုတ်၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Revelation 3:17သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။