ရှင်မဿဲခရစ်ဝင် 26:69
ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
70ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။
Cross References
1 Kings 19:13ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
Matthew 2:22ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
Matthew 26:3ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
Matthew 26:71ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင် ၊
Luke 22:55အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။
John 7:41အချို့ ကလည်း၊ ဤသူ သည်ခရစ်တော် ဖြစ် သည်ဟု ဆို ကြ၏။ အချို့ ကလည်း၊ ခရစ်တော် သည် ဂါလိလဲ ပြည်သားဖြစ် ရသလော။