ရှင်မဿဲခရစ်ဝင် 27:26
ပိလတ်မင်းသည်လည်း ဗာရဗ္ဗ ကို လူ များတို့အား လွှတ် လေ၏။ ယေရှု ကိုကား ရိုက် ပြီးလျှင်လက်ဝါးကပ်တိုင် မှာသတ်စေခြင်းငှာ အပ် လိုက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 53:5ထိုသူ သည် ငါ တို့ လွန်ကျူး ခြင်းအပြစ်များ ကြောင့် ၊ နာကျင်စွာ ထိုး ခြင်း၊ နှိပ်စက် ခြင်းကို ခံရလေ၏။ ငါ တို့၏ ငြိမ်သက် ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမ ခြင်းသည် သူ့ အပေါ် သို့ ရောက်၍ ၊ သူ ခံရသောဒဏ်ချက် အားဖြင့် ငါ တို့သည် အနာ ပျောက်လျက် ရှိကြ၏။
Mark 10:34သူ တို့သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ တံတွေး နှင့်ထွေးခြင်း၊ အသေ သတ်ခြင်းကို ပြုကြလိမ့်မည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည်” ဟူ၍မိမိ ကိုယ်၌ရောက် လတံ့သော အမှုအရာ တို့ကို တပည့် တော်တို့အား မိန့် တော်မူ၏။
Luke 18:32တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။
Luke 23:24ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊
John 19:16ထိုအခါ ပိလတ်မင်းသည် ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာ ထိုသူ တို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော် ကိုယူ၍ထုတ်သွား ကြ၏။