ရှင်မဿဲခရစ်ဝင် 3:1
ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။
မြန်မာကျမ်းစာ
In The King James Version
In those days came John the Baptist, preaching in the wilderness of Judaea,
In Context
2ထို့ကြောင့် နောင်တရ ကြလော့ဟု ယုဒ တော ၌ ဟော လေ၏။
Cross References
Joshua 14:10ဣသရေလ အမျိုးသည် တော ၌ လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း ၊ အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။
Judges 1:16မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။
Matthew 3:8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့
Matthew 11:11ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
Matthew 16:14လူအချို့ က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက် ကြသော် ၊
Matthew 21:25ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ၍ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံသနည်းဟု သူမေး လေဦးမည်။