ရှင်မဿဲခရစ်ဝင် 4:17
ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
From that time Jesus began to preach, and to say, Repent: for the kingdom of heaven is at hand.
In Context
Cross References
Matthew 9:13ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
Matthew 11:12ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။
Matthew 13:11ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊
Matthew 13:47တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။
Mark 1:14ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
Luke 9:2ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်းကို ဟောပြော စေခြင်းငှာ၎င်း ၊ လူနာ တို့ကို ချမ်းသာ စေခြင်းငှာ၎င်းစေလွှတ် တော်မူ၍ ၊