ရှင်မဿဲခရစ်ဝင် 9:13
ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 55:6တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
Micah 6:6ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
Matthew 3:8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့
Matthew 11:20ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။
Matthew 12:5ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ၌ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ မ ဘတ် ဘူးသလော။
Matthew 18:10သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။