ရှင်မဿဲခရစ်ဝင် 8:6
သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။
မြန်မာကျမ်းစာ
In The King James Version
And saying, Lord, my servant lieth at home sick of the palsy, grievously tormented.
In Context
5ထိုနောက်မှကပေရနောင် မြို့သို့ ကြွဝင် တော်မူလျှင်၊ တပ်မှူး တစ်ယောက်သည် အထံ တော်သို့လာ ၍၊
7ယေရှုကလည်း ငါ လာ ၍ ချမ်းသာ ပေးမည် ဟု မိန့် တော်မူလျှင် ၊
Cross References
Matthew 4:24သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
Mark 2:3ထိုအခါ လက်ခြေသေ သောသူတစ်ယောက်ကို လူ လေးယောက်တို့သည်ထမ်း ၍ အထံ တော်သို့ ဆောင်ခဲ့ ကြ၏။
Acts 9:33ထို အရပ်၌ အဲနေ အမည် ရှိသောတုံးလုံး နေ သော သူ တစ် ယောက်ကိုတွေ့ လျှင် ၊ အဲနေ ၊ ယေရှု ခရစ် သည် သင့် အားချမ်းသာ ပေးတော်မူ၏။
Colossians 3:11ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။
1 Timothy 6:2သခင် သည်ယုံကြည် သောသူ ဖြစ်လျှင် ၊ ညီအစ်ကို ဖြစ် သည်ဟု စိတ်ထင်နှင့်၊ မခန့်မညား မ ပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရ သောသူသည် ယုံကြည် သောသူ၊ ချစ် အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံ စေ။ ဤသို့ ဆုံးမ ဩဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။