ရှင်မဿဲခရစ်ဝင် 5:22
ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:5ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
Genesis 37:8အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
Deuteronomy 18:18သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
1 Samuel 18:8ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။
1 Samuel 22:12ရှောလု ကလည်း ၊ အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် ၊ အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။
2 Samuel 16:7ရှိမိ ကျိန်ဆဲ သောစကားဟူမူကား ၊ သွား ဟဲ့။ သွား ဟဲ့။ လူ အသက် ကိုသတ် သောအဓမ္မ လူ၊