ရှင်မဿဲခရစ်ဝင် 6:34
ထို့ကြောင့် နက်ဖြန် အဘို့ မ စိုးရိမ် ကြနှင့်။ နက်ဖြန် နေ့သည် မိမိ အဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်း မသင့်သောအရာ သည် ယခုနေ့ ဘို့ လောက် ပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 16:18ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
1 Kings 17:4ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
2 Kings 7:1ဧလိရှဲ က၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နက်ဖြန် နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏
Matthew 6:11အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား ယနေ့ ပေး သနားတော်မူပါ။
Luke 11:3အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။
John 16:33သင် တို့သည် ငါ့ ကိုအမှီပြု ၍ ငြိမ်သက် ခြင်းရှိ စေခြင်းငှာ ဤ စကားကိုငါဟောပြော ပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခကိုခံ ကြရလိမ့်မည်။ သို့သော်လည်း မ စိုးရိမ်ကြနှင့်။ ငါ သည်လောက ကိုအောင် ပြီ ဟု မိန့် တော်မူ၏။