မိက္ခာအနာဂတ္တိကျမ်း 2:12
အိုယာကုပ် ၊ ငါသည် သင် ၏အမျိုးသား အပေါင်း တို့ကို ၎င်း၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်း ဆက်ဆက်စုဝေး စေမည်။ သိုးခြံ ၌ သိုး များကဲ့သို့ ၎င်း ၊ ကျက်စား ရာအရပ်ထဲ မှာ သိုးစု ကဲ့သို့ ၎င်း သူ တို့ကို ငါစု ၍ ထား မည်။ လူများသောကြောင့်အသံ ကြီး လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Genesis 36:33ဗေလာ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ် သား၊ ဇေရ ၏သား ယောဗပ် သည် မင်း ပြုလေ၏။
Isaiah 11:11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
Isaiah 34:6ထာဝရဘုရား ၏ ထား တော်သည် အသွေး နှင့် ဝ ပြီ။ ဆီဥ နှင့် ဆူ ပြီ။ သိုးသငယ် နှင့် ဆိတ် တို့၏ အသွေး ၊ သိုး ထီးတို့၏ ကျောက်ကပ် ဆီဥ နှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရ မြို့၌ ယဇ် ပွဲကို၎င်း၊ ဧဒုံ ပြည် ၌ ကြီး စွာသော သတ် ခြင်းပွဲကို၎င်း ခံတော်မူ၏။
Jeremiah 23:3တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား ၍ များ ပြားကြ လိမ့်မည်။
Ezekiel 34:11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။
Ezekiel 34:22ငါသည် ငါ့ သိုး တို့ကို ကယ်တင် သဖြင့် ၊ သူတို့ သည် နောက် တဖန် လုယူ ရာမ ဖြစ် ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြား မည်။