မိက္ခာအနာဂတ္တိကျမ်း 4:13
အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Deuteronomy 33:25သင် ၏တံခါး ကန့်လန့်ကျင်တို့သည် သံ နှင့် ကြေးဝါ ဖြင့် ပြီးကြလိမ့်မည်။ သင် ၏နေ့ရက် ကာလဖြစ်သည် အတိုင်း သင့် အစွမ်း သတ္တိဖြစ်လိမ့်မည်။
2 Samuel 8:10မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။
Psalms 24:1ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။
Psalms 72:10တာရှု မင်း တို့နှင့် ပင်လယ် တဘက်၌ နေသော မင်း တို့သည ်အခွန်သွင်း ၍၊ ရှေဘ မင်း နှင့် သေဘ မင်းတို့သည် လည်း လက်ဆောင် ပဏ္ဏာများကို ဆက် ကြ လိမ့်မည်။
Isaiah 18:7ထို အခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်ကြောက်မက် ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် များ ကွဲပြား သော မြေ ၌နေသောလူမျိုး သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်တည် ရာဇိအုန် တောင် သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဘို့ လက်ဆောင် ပဏ္ဏာကို ဆောင် ခဲ့ကြလိမ့် သတည်း။
Isaiah 41:15ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။