မိက္ခာအနာဂတ္တိကျမ်း 4:3
ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Psalms 2:5ထိုအခါ အမျက် တော်ထွက်၍ ၊ သူ တို့ကိုမိန့် တော်မူမည်။ ပြင်းစွာ သော အမျက်တော်နှင့် သူ တို့ကို ပူပန် စေတော်မူမည်။
Psalms 46:10ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။
Psalms 72:7လက်ထက် တော်၌ လ သည်ပပျောက်ခြင်းသို့ မ ရောက်မှီတိုင်အောင် ၊ တရား သောသူသည် ပွင့်လန်း ၍ ချမ်းသာ များ ပြား လိမ့်မည်။
Psalms 96:13အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Psalms 110:1ထာဝရဘုရား က၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင် ရာ ၊ ငါမ ချ ထားမှီတိုင်အောင်၊ ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူ၏။
Isaiah 2:4ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။