မိက္ခာအနာဂတ္တိကျမ်း 4:5
လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Exodus 3:14ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
Joshua 24:15သို့မဟုတ် ထာဝရဘုရား အား ဝတ် မ ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ၌ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား ၊ သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊
2 Kings 17:34ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏
Psalms 48:14အကြောင်း မူကား၊ ထို ဘုရား သခင်သည် ကာလ အစဉ်အမြဲငါ တို့၏ဘုရား ဖြစ်တော်မူ၏။ သေ သည် ကာလတိုင်အောင် ငါ တို့ကို ပို့ဆောင် တော်မူလတံ့ သတည်း။
Psalms 145:1အကျွန်ုပ်၏ရှင်ဘုရင် ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် ချီးမြှောက် ပါမည်။ ကမ္ဘာ အဆက်ဆက်နာမတော် ကို ကောင်းကြီး ပေးပါမည်။
Isaiah 26:8အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရား တော် လမ်း ၌ သွားလျက်၊ ကိုယ်တော် ကို မြော်လင့် ၍၊ ကိုယ်တော် ၏အမည် ၊ ဘွဲ့ နာမတော်ကို စိတ် နှလုံး၌ တသ လျက်ရှိပါ ၏။