The Bible Software
မိက္ခာအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

မိက္ခာအနာဂတ္တိကျမ်း 6

1ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့ ။ ထ ၍ တောင် ကြီးတို့ရှေ့ မှာ တရား တွေ့သဖြင့် ၊ တောင် ငယ်တို့ သည် သင့် စကား ကို ကြား ကြစေ။

2အိုတောင် တို့၊ ခိုင်ခံ့ သောမြေ အမြစ် တို့၊ ထာဝရဘုရား ၏တရား တွေ့မှုကို နားထောင် ကြလော့။ ထာဝရဘုရား သည် မိမိ လူမျိုး နှင့် တရား တွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေး ငြင်းခုံတော်မူမည်။

3အို ငါ ၏လူမျိုး ၊ သင့် ကို အဘယ်သို့ ငါပြု ဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲ ဘူးသနည်း။ ငါ့ တဘက် ၌ သက်သေခံ လော့။

4သင့် ကို အဲဂုတ္တု ပြည် မှ ငါဆောင် ခဲ့ပြီ။ ကျွန် ခံ နေရာ အရပ်မှ ရွေးနှုတ် ပြီ။ သင့် ရှေ့ မှာ မောရှေ ၊ အာရုန် ၊ မိရိအံ တို့ကို ငါစေလွှတ် လေပြီ။

5အို ငါ ၏လူမျိုး ၊ ရှိတ္တိမ် မြို့နှင့် ဂိလဂါလ မြို့ စပ်ကြားမှာ မောဘ မင်းကြီး ဗာလက် ကြံစည် သော အကြံ ကို၎င်း ၊ ဗောရ သား ဗာလမ် ပြန်ပြော သောစကားကို၎င်းအောက်မေ့ လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား ၏ ဖြောင့်မတ် တော်မူခြင်းကို နားလည် လိမ့်မည်။

6ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။

7ထာဝရဘုရား သည် သိုး ထီးတထောင် ၊ ဆီ မြစ် တသောင်း ကို အားရ နှစ်သက်တော်မူမည်လော။ ငါ့ လွန်ကျူး ခြင်းအတွက် ငါ ၏သားဦး ကို၎င်း၊ ငါ့ စိတ် ဝိညာဉ်၏ အပြစ် အတွက် ငါ ၏ ရင်သွေး ကို၎င်းပူဇော် ရမည်လော၊

8အချင်းလူ ၊ ကောင်း သောလမ်းကို ပြ တော်မူပြီ။ တရား သဖြင့် ပြု ခြင်း၊ ကရုဏာ ကို နှစ်သက် ခြင်း၊ သင် ၏ ဘုရား သခင့်ရှေ့ တော်၌ နှိမ့်ချ သောစိတ် နှင့် ကျင့် နေခြင်း မှတပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရား တောင်း တော်မူသနည်း။

9ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် မြို့ ကို ဟစ်ခေါ် တော်မူ၏။ ပညာရှိ သောသူသည် နာမ တော်ကို ကြောက်ရွံ့ ရ၏။ ဆုံးမ ခြင်းကို၎င်း ၊ စီရင် သောသူသည် အဘယ်သူ ဖြစ်သည်ကို၎င်းနားထောင် ကြလော့။

10မတရား သောသူတို့ ၏အိမ် ၌ မတရား သဖြင့် ဆည်းဖူးသော ဥစ္စာ နှင့် ၊ ရွံရှာ ဘွယ်သော တင်းတောင်း ငယ် ရှိ သေး သလော။

11မတရား သော ချိန်ခွင် နှင့် စဉ်းလဲ သော အလေး အိတ် ရှိသောမြို့ကိုသန့်ရှင်း သော မြို့ဟူ၍ငါမှတ်ရမည် လော။

12မြို့ သားသူဌေး တို့သည် အနိုင်အထက် ပြု၍ ရ တတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာ ကို သုံး တတ်ကြ၏။ သူ တို့နှုတ် ၌ ရှိသောလျှာ သည် မုသာ ဖြစ်၏။

13သို့ဖြစ်၍ ၊ သင် ၏အပြစ် ကြောင့် သင့် ကိုငါ သုတ်သင် ပယ်ရှင်း ခြင်းအလိုငှါ နာကျင် စွာ ဒဏ်ခတ်မည်။

14သင် သည် စား သော်လည်း မ ဝ ရ။ မွတ်သိပ် ခြင်း ကိုခံရမည်။ သင်သည် ချီ သော်လည်း ယူ ၍ မ သွားရ။ ယူ သွားသော အရာကိုလည်း ထား ဘေးသို့ ငါအပ် မည်။

15မျိုးစေ့ကို ကြဲ သော်လည်း ၊ စပါးကို မ ရိတ် ရ။ သံလွင် သီးကို နယ် သော်လည်း ၊ ဆီ နှင့်ကိုယ်ကိုမ လိမ်း ရ။ စပျစ်သီး ကို နယ်သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရ။

16အကြောင်း မူကား၊ သင်သည် ဩမရိ မင်း၏ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ အာဟပ် မင်းမျိုး ကျင့်သောအကျင့် ရှိသမျှ ကို၎င်း ကျင့်စောင့် ၍ ၊ သူ တို့၏ တိုက်တွန်း ရာသို့ လိုက် တတ်၏။ သို့ဖြစ်၍ ၊ သင့် ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့ သားတို့ကို ဆဲရေး ရာဖြစ်စေသဖြင့်၊ သင် သည် ငါ ၏လူ တို့ကဲ့ရဲ့ ခြင်းကိုခံရ မည်။

← မိက္ခာအနာဂတ္တိကျမ်း 5Read In The App, Free →မိက္ခာအနာဂတ္တိကျမ်း 7 →

Study မိက္ခာအနာဂတ္တိကျမ်း 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567