မိက္ခာအနာဂတ္တိကျမ်း 6:5
အို ငါ ၏လူမျိုး ၊ ရှိတ္တိမ် မြို့နှင့် ဂိလဂါလ မြို့ စပ်ကြားမှာ မောဘ မင်းကြီး ဗာလက် ကြံစည် သော အကြံ ကို၎င်း ၊ ဗောရ သား ဗာလမ် ပြန်ပြော သောစကားကို၎င်းအောက်မေ့ လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား ၏ ဖြောင့်မတ် တော်မူခြင်းကို နားလည် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 6
Cross References
Numbers 22:41နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။
Numbers 23:27တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
Numbers 25:2ထိုမိန်းမတို့သည် မိမိ တို့ ဘုရား ရှေ့မှာ ယဇ်ပူဇော် ရာပွဲသို့ ဣသရေလလူ တို့ကို ခေါ် သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချ ကြ၏။
Numbers 31:16ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
Deuteronomy 8:2သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
Deuteronomy 9:7သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။