နာဟုံအနာဂတ္တိကျမ်း 3:14
ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွံ့ထဲသို့ ဝင်၍ အုတ် မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 3
Cross References
2 Chronicles 32:3မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
Isaiah 8:9အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။
Isaiah 37:25ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
Jeremiah 46:9မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
Nahum 2:1ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့် လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။