နာဟုံအနာဂတ္တိကျမ်း 3:18
အိုအာရှုရိ ရှင်ဘုရင် ၊ သင် ၏သိုးထိန်း တို့သည် အိပ်ပျော် လျက်၊ သင် ၏မှူးမတ် တို့သည် ကျိန်းဝပ် လျက်၊ သင် ၏လူ အပေါင်းတို့သည် တောင်ရိုး ပေါ် မှာ အရပ်ရပ်သို့ ကွဲပြား လျက်ရှိ၍၊ အဘယ်သူ မျှမစုဝေး စေ။ သင် ၏ အနာ မ ပျောက် နိုင်။ ပြင်းစွာခံရ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 3
Cross References
1 Kings 22:17မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
Isaiah 13:14ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။
Isaiah 56:9အို လယ်ပြင် သား အပေါင်း နှင့် တော ၌ လည် သော သားရဲ အပေါင်း တို့၊ ကိုက်စား ခြင်းငှါ လာ ကြလော့။
Jeremiah 51:39သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
Ezekiel 31:3အာရှုရိ လူသည် အဆင်းလှ ၍ လွှမ်းမိုး သော အကိုင်း ၊ မြင့် သောအရပ် ၊ ထူထပ် သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျား ရှိ သောလေဗနုန် အာရဇ် ပင်ဖြစ်၏။
Ezekiel 32:22ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။